၄၁ နှစ်အရွယ် အီတလီဂိုးသမားကြီး ဘူဖွန် နောက်တရာသီ ဆက်ကစားလို

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့  အီတလီဂိုးသမားကြီး ဘူဖွန်ဟာ နောက်ထပ်တရာသီ အသင်းမှာ ဆက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘက်ဖွန်ဟာ သူ့ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို လူငယ်ဂိုးသမားဖြစ်တဲ့ အယ်ဖွန်ဆီ အာရီယိုလာက ခြိမ်းခြောက်နေပေမယ့်လည်း သူ့အနေနဲ့ ပီအက်စ်ဂျီအသင်းအတွက် ပွဲထွက်ကစားလိုသေးတယ်လို့ ပြောကြားခဲ့တာပါ။ ဘူဖွန်ဟာ ဂျူဗင်တပ်စ် အသင်းမှာ ၆၅၆ ပွဲကစားထားပြီး အီတလီအသင်းမှာတော့ ၁၇၆ ပွဲကစားထားခဲ့ပါသူဖြစ်ပါတယ်။ ဘူဖွန်ကို ၇ ကြိမ်ဆက် စီးရီးအေ ချန်ပီယံဆု ရရှိပြီးချိန်မှာ အနားယူနိုင်တယ်လို့ သုံးသပ်ခဲ့ကြပေမယ့် မထင်မှတ်တဲ့ အနေအထားနဲ့ ပြင်သစ်မြေကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိ နည်းပြ သောမက်စ်တူချယ်ရဲ့ အစီအစဉ်အရ နံပါတ် ၁ ဂိုးသမားနေရာကို ၁၀ ပွဲစီ အလှည့်ကျနဲ့ တာဝန်ယူစေမယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပွဲစဉ်မှာတော့ နည်းပြတူချယ်က ဘူဖွန်ကို ပွဲထွက်လူစာရင်းမှာ ရွေးချယ်လိုနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up