လက်နက်ကိုင်လမ်းစဉ် မစွန့်သည့် ကိုလံဘီယာသူပုန်ခေါင်းဆောင် စစ်ဆင်းရေးတခုတွင် ကျဆုံး

၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့တဲ့ ကိုလံဘီယာသူပုန်ခေါင်းဆောင်တဦးဟာ စစ်ဆင်ရေးတခုမှာ သေဆုံးခဲ့တယ်လို့ သမ္မတ အီဗန်ဒူကေး က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ကိုလံဘီယာ လက်နက်ကိုင် သူပုန်အဖွဲ့ခေါင်းဆောင် ရိုဒရီဂို ကာဒယ်တဲ ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း လိုက်နာဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးက ကာဒယ်တဲဟာ တခြားခွဲထွက်ရေးသမားတွေကို စုစည်းပြီး သူပုန်အဖွဲ့သစ် ဖွဲ့ခဲ့တယ်လို့ ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးက စစ်ဆင်ရေးအတွင်း ကာဒယ်တဲနဲ့အတူ တခြားပြောက်ကျားတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ကျန်လူတွေကို ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။ ကိုလံဘီယာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့ ၃၀ ဟာ အစိုးရကို ဆန့်ကျင်နေပါတယ်။ မကြာသေးခင်က ဖားစ်သူပုန် ၁,၃၀၀၀ ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။ အခုအခါ အဲဒီအဖွဲ့က နိုင်ငံရေးပါတီဖွဲ့ပြီး ကိုလံဘီယာလွှတ်တော်အတွင်း အမတ် ၁၀ နေရာ ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up