ကာဒစ်ဖ် ၂-၀ ဘုန်းမောက်၊ ပျောက်ဆုံးကစားသမားသစ် ဆာလာ၏အမည် ကွင်းလုံးပြည့် ပုံဖော်

ကစားသမားသစ် ဆာလာပျောက်ဆုံးပြီးတဲ့နောက် ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ ကာဒစ်ဖ်စီးတီးအသင်းဟာ ၂ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာတော့ နှစ်ဖက်ကစားသမားတွေအနေနဲ့ ဝမ်းနည်းကြောင်းပြသခဲ့သလို ပွဲမစမီ ငြိမ်သက်ခြင်း၊ ဆာလာရဲ့ ဓာတ်ပုံပါ အကျီတွေကို ဝတ်ဆင်ပြီး သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒက်ဖ်ဒေးလ် လို့ခေါ်တဲ့ အဝါရောင်ပန်းပွင့်တွေကို အင်္ကျီရင်ဘတ်တွေမှာ တပ်ဆင်ခဲ့ကြသလို ကွင်းရဲ့အပြင်ဘက်မှာလည်း ပန်းပွင့် အဝါရောင်တွေနဲ့အတူ ဂျာစီအင်္ကျီ အပြာရောင်တွေကိုလည်း ဖြန့်ခင်းထားခဲ့ကြပါတယ်။ ကွင်းလုံးပြည့် ဆာလာရဲ့ နာမည်ကို အာဂျင်တီးနားအလံပါ အရောင်ပေါ်မှာ အဝါရောင်နဲ့ ပုံဖော်ခဲ့ကြပါတယ်။ ပရိသတ်တွေဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ပျောက်ဆုံးကစားသမား ဆာလာကို ရည်ရွယ်ပြီး ၂၈ မိနစ်ကြာ မတ်တပ်ရပ်လျက် တခဲနက်သံပြိုင်သီဆို အော်ဟစ်အားပေး ခဲ့ကြပါတယ်။ ပွဲမှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဘော်ဘီရိဒ်ကလည်း ဂိုးသွင်းပြီးချိန်မှာ ဆာလာရဲ့ ဓာတ်ပုံပါတီရှပ်အကျီကို မြှောက်ကာ အောင်ပွဲခံခဲ့ပါတယ်။ ကာဒစ်ဖ်အသင်းဟာ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီးတော့ အခုနိုင်ပွဲ တန်းဆင်းဇုံကနေ ရုံးထွက်ဖို့ အဖိုးတန် အနိုင် ၃မှတ်လည်းဖြစ်ပါတယ်။ ကလပ်ရဲ့ သမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဆာလာဟာလည်း အသင်းကို မရောက်ရှိခင်မှာတင် ပျောက်ဆုံးခဲ့တာ အခုဆိုရင် ၂ ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့် အစအနရှာလို့ မရသေးဘူးလို့ သိရပါတယ်။ ဆာလာကို ရှာဖွေတွေ့ရှိဖို့အတွက် ရှာဖွေရေးအဖွဲ့တွေဟာ နေ့စဉ် ၂၄ နာရီအပြည့် အလုပ်လုပ်နေပေမယ့် သူလိုက်ပါစီးနင်းခဲ့တဲ့ လေယာဉ်ရဲ့ အပိုင်းအစတခုပင် ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up