Live
Home
မြန်မာသတင်း
ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်ပွား
DVB
·
February 3, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ​ကျောက်​တန်း၊ ရေပုတ်၊ ​ကျောက်​ရန်ကျေးရွာအနီးမှာ  မနေ့က တပ်​မ​တော်​နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ “ဒီ​နေ့ မနက်​ ၈ နာရီ​ကျော်​ ​လောက်​ကတည်းက ကျောက်တန်းကျေးရွာနဲ့ ရေပုတ်ကျေးရွာ ကြားမှာ လက်​နက်​ကြီးအသံ​တွေ ကြား​နေရတာပါ။ မနက်​ ၁၀ နာရီ​လောက်​ထိ ကြား​နေရပါတယ်​။ ကျောက်​တန်း၊ ရေပုတ်​၊ ​ကျောက်​ရန်​ စတဲ့ ​ကျေးရွာသူရွာသား တ​ချို့က​တော နီးစပ်​ရာ ​​ဆွေမျိုးရှိရာ ​ကျေးရွာတွေကို ထွက်​​ပြေးသွားကြပါပြီ။ ကျန်​​တဲ့ ရွာသူရွာသား​တွေက​တော့ သမီးလှ​ကျေးရွာမှာလို တပ်​မ​တော်​က ​နေအိမ်​​တွေကို ၀င်​​ရောက်​ရှာ​ဖွေမှာကို စိုးရိမ်​​နေကြပါတယ်​” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ​ပြောပါတယ်​။ ​ကျောက်​တန်း​ကျေးရွာမှာ​ အိမ်​​ခြေ ၅၀၀ ​ကျော်​ လူဦး​ရေ ၂၀၀၀ ​ကျော်​ရှိပြီး ရေပုတ်ကျေးရွာ မှာ အိမ်​​ခြေ ၂၀၀ ​ကျော်​ လူဦး​ရေ ၁၈၀၀ လောက်နဲ့ ​ကျော်​ရံ​ကျေးရွာမှာ အိမ်​ခြေ ၂၀၀ လောက်နဲ့ လူဦး​ရေ ၁၅၀၀ ​ကျော်​ ရှိ​​ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရ​သေ့​တောင်​မြို့နယ်​သမီးလှရွာသစ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အတွက် ရွာသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာလည်း နေအိမ်အတွင်း မိသားစုနဲ့အတူ မီးလှုံနေစဉ် လက်နက်ကြီး ကျည်ဆန်အစ ထိမှန်ခဲ့ပြီး​ သေဆုံးသွား ခဲ့ရပါတယ်​။   ဗညား

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024