စပါးအသင်း၏ ဘောလုံးကွင်းသစ် လာမည့်ရက်သတ္တပတ် စတင်ဖွင့်လှစ်မည်

စပါးအသင်းဟာ သူတို့ရဲ့ ပေါင်၁ဘီလီယံ တန်ကြေးရှိတဲ့ ဘောလုံးကွင်း သစ်ကြီးကိုလာမယ့် ရက်သတ္တပတ်မှာ စတင်ဖွင့်  လှစ်နိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ မကြာခဏဆိုသလို တည်ဆောက်မှုအပိုင်းမှာ ပြဿနာတက်ခဲ့ပြီး ဖွင့်လှစ်ဖို့ ရက်ရွှေ့နေရတဲ့ ကွင်းသစ်စီမံကိန်းကြီးဟာ မကြာခင် အပြီးသတ်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီကွင်းကြီးဟာ ပဲလေစ့်အသင်းနဲ့ကစားမယ့် မတ် ၁၇ ရက်နေ့နဲ့ ဘရိုက်တန်နဲ့ကစားမယ့် ဧပြီ ၆ ရက်နေ့တို့မှာ ဖွင့်လှစ်မှာဖြစ်သလို အဲ့ဒီနေ့မှာ ပရိသတ်တွေ ဝင်ခွင့်ရမှာလည်းဖြစ်ပါတယ်။ ပရိသတ် ၇ သောင်းနီးပါး ဝင်ဆံ့တဲ့ ကွင်းသစ်ကြီးဟာ လန်ဒန်ကလပ်တွေထဲမှာတော့ အကြီးဆုံး ကွင်းဖြစ်လာဖို့ရှိနေပါတယ်။ စပါးအသင်းဟာ လက်ရှိဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေရပြီး ပရိသတ်တွေကတော့ အသင်းရဲ့ကွင်းသစ်ကြီးကို အလျင်အမြန် အသုံးပြုစေချင်နေကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up