ဟာဇက်ကို ရီးရဲလ်အသင်းတွင် ပြောင်းရွှေ့ကစားစေလိုဟု ကော့တွိုက်စ်ပြော

ရီးရဲမက်ဒရစ်ဂိုးသမား ကော့တွိုက်စ်ဟာ အသင်းဖော်ဟောင်းဟာ ဇက်ကို ရီးရဲမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့လာစေလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဟာဇက်နဲ့ ကော့တွိုက်စ်တို့ဟာ ချဲလ်ဆီးအသင်းရဲ့ အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့အပြင် ဘယ်ဂျီယံ နိုင်ငံသားတွေဖြစ်တာကြောင့် အရင်နှီးဆုံး ဆက်ဆံရေးရှိတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီးတော့ နာမည်ကြီးကစားသမားခေါ်ယူတာကို ရပ်နားခဲ့ပြီး အလယ်လတ်တန်း ကစားသမားတွေနဲ့ ခရီးဆက်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကာလရှည်ကြာစိတ်ဝင်စားခဲ့တဲ့ ဟာဇက်သို့မဟုတ် ပီအက်စ်ဂျီက ထွက်ခွာလိုနေတဲ့ နေမာကိုခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ ကော့တွိုက်စ်ရဲ့အဆိုအရ အသင်းမှာ ဘန်ဇီမာရှိနေတယ်ဆိုပေမယ့် ထင်သလောက် ခြေစွမ်းမပြနိုင်သလို ခြေစွမ်းပြနေတဲ့ ဘေးလ်ဟာလည်း ဒဏ်ရာမကြာခဏရနေလို့ တိုက်စစ်မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာလည်း မန်စီးတီးက လူငယ်ကြယ်ပွင့် ဘရာဟက် ဒီးရာဇ့်ကို ပေါင်သန်း ၂၀ ကျော်နဲ့ ခေါ်ယူခဲ့ပေမယ့် ၁၀ မှတ်ဖြတ်ပြီး လာလီဂါကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းကတော့ ဒီဂျောင်၊ ပရင့်စ်ဘိုတန်တို့ကို ခေါ်ယူထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up