“အိမ်ပြန်ချင်ပြီ” - လုလုအောင်
DVB
·
February 3, 2019
ကချင်ပြည်နယ်က စစ်ဘေးသင့် ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရန်ပုံငွေရှာဖွေမယ့် ပွဲတော်တခုအတွက် လုလုအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဖိတ်ခေါ်လိုက်ပါတယ်။
သူတင်နေကျ အလှဓာတ်ပုံတွေလို မဟုတ်ဘဲ ရန်ပုံငွေအတွက် ဖန်တီးထားတဲ့ တီရှပ်တွေကိုပဲ ဝတ်ထားတဲ့ပုံတွေကလည်း တမျိုးဆွဲဆောင်မှုရှိနေပြန်တာပါ။
ရိုးရှင်းတဲ့ သူ့ရဲ့ တီရှပ်တွေမှာ အိမ်ပြန်ချင်ပြီ လို့ ရိုက်နှိပ်ရေးသားထားပြီး ပုံ ၃ ပုံတည်း ဖြစ်ပေမယ့် သူ့ရဲ့ ပရိသတ်တွေကတော့ အရင်လိုပဲ အင်တိုက်အားတိုက် မျှဝေတာ၊ မှတ်ချက်ပေးတာတွေ ပြုလုပ်ကြပါတယ်။
ပွဲကိုတော့ ဖေဖော်ဝါရီ ၉ ရက်ညမှာ ရန်ကုန် ကမ္ဘာအေးဘုရားလမ်းက Goethe-Institut Myanmar မှာ လုပ်မယ်လို့ ဆိုပါတယ်။
အဲဒီမှာ အဆိုတော်တွေရဲ့ ဖျော်ဖြေတာတွေ၊ ဖက်ရှင်ရှိုးတွေ၊ ပန်းချီကားရောင်းချတာတွေ၊ စစ်ဘေးသင့်သူတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချတာအပြင် ကချင်ရိုးရာ အစားအသောက် တွေ၊ ခေါင်ရည်တွေကို ဘူဖေးစနစ်နဲ့ ကျွေးမွေးမယ်လို့ ဆိုပါတယ်။
လက်မှတ်တစောင်ကို ၃ သောင်းကျပ်ဖြစ်တယ်လို့လည်း လုလုအောင်က ရေးသားထားပါတယ်။