ချဲလ်ဆီးက ဟတ်ဒါဖီးလ်ကို ၅ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

1.1K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက ဟတ်ဒါဖီးလ်အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်ရဲ့အိမ်ကွင်းမှာ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်ခဲ့ရတဲ့ ပရိသတ်တွေကို ချဲလ်ဆီးအသင်းက ဒီပွဲမှာ ဂိုးပြတ်ရလဒ်နဲ့ ဖြေသိမ့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းဝင်ရေး ကြိုးစားနေတဲ့ အိမ်ရှင် ချဲလ်ဆီးအသင်းဟာ ဟတ်ဒါဖီးလ်အသင်းကို ဘောလုံးပိုင်ဆုံမှု တဖက်သတ်အသာစီးယူကစားပြီး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ အသစ်ခေါ်ယူထားတဲ့ ဟီဂွါအင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျန်တဲ့ဂိုးတွေကိုတော့ အီဒင်ဟာဇက်က ၂ ဂိုးနဲ့ ဒေးဗစ်လုဇ်က ၁ ဂိုး သွင်းယူခဲ့တာပါ။
အမှတ်ပေးဇယားမှာ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ရေး ဖိအားပေးနေတဲ့ အာဆယ်နယ်ကတော့ ဒီနေ့ည မန်စီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
လက်ရှိ အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးက ၂၅ ပွဲကစား ရမှတ် ၅၀ ရရှိထားပြီး အာဆင်နယ်ကတော့ ၂၄ ပွဲကစား ၄၇ မှတ်ရရှိထားပါတယ်။
ပရီးမီးယားလိဂ်ရာသီ အဝေးကွင်းရလဒ်တွေ တောက်လျှောက်ဆိုးရွားနေတဲ့ ဟတ်ဒါဖီးလ်အသင်းကတော့ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။