တရုတ်တွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ၈ ဦးကို ကယ်ဆယ်
DVB
·
February 2, 2019
တရုတ်နိုင်ငံမှာ တရားမဝင်ရွှေ့ပြောင်း အလုပ်လုပ်ရာမှာ ဒုက္ခရောက်နေသူ ၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိဘဆွေမျိုးတွေထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ရဲက ပြောပါတယ်။
ကူညီကယ်ဆယ်ခဲ့သူတွေကို မိတ္ထီလာက မိဘဆွေမျိုးတွေထံ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်က အပ်နှံပေးခဲ့တယ်လို့ မိတ္ထီလာအမှတ် ၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူး ဝင်းညွန့်က "တရုတ်နိုင်ငံ ငါးစက်ရုံမှာ တရားမဝင်ရွှေ့ပြောင်း အလုပ်သွားလုပ်ရာက ဒုက္ခရောက်နေတာသိရလို့ နှစ်နိုင်ငံချိတ်ဆက် ခေါ်ယူပေးတာပါ။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံက အလုပ်သမားကိစ္စများအတွက် တရားဝင်လက်မှတ် ထိုးထာတာ မရှိပါဘူး" လို့ ပြောပါတယ်။
တရုတ်နိုင်ငံကတေ ပြန်ရောက်လာသူတွေကတော့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ပါတယ်။
ပြည်အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေပေးခဲ့ပါတယ်။
သတင်း-မောင်မောင်လင်း