Home
မြန်မာသတင်း
နှစ်​​ ၁၀၀ ကျော်​သက်​တမ်း သစ်​ပင်​ကြီးကျိုးကျ၊ စာသင်​​ကျောင်း အမိုးနှင့်မျက်နှာကြက် ပျက်​စီး
DVB
·
February 2, 2019
မ​ကွေးမြို့နယ်​ သ​ပြေစမ်း​ကျေးရွာမှာ ​ဖေ​ဖော်​ဝါရီ ၁ ရက်​​နေ့ ​နေ့လယ်ပိုင်းက နှစ်​​ပေါင်း ၁၀၀ ကျော် ​သက်​တမ်းရှိ သစ်​ပင်​ကျိုးကျခဲ့လို့ အ​ခြေခံပညာအလယ်​တန်း​ကျောင်း အမိုးနဲ့ မျက်​နှာကြက်တချို့ ပျက်စီးခဲ့ပါတယ်။ မ​ကွေးတိုင်း​ လွှတ်​​တော်​ကိုယ်စားလှယ်​ ဦး​ကျော်​​ဌေးက "​သစ်​ပင်​က နှစ်​​ပေါင်း ၁၀၀ေ​ကျော်​ သက်​တမ်းရှိပြီ။ အ​ပေါ်ဝိတ်​များလို့ တစ်​ဗျစ်​ဗျစ်​နဲ့ အသံမြည်​​နေတာ ၁၀ ရက်​ ၁၅ ရက်​​လောက်​ရှိနေပြီ။ ဖေ​ဖော်​ဝါရီလ ၁ ရက်​​နေ့က​ ကျောင်းသား​လေး​တွေ စာသင်​​နေတဲ့အချိန်​မှာ အသံပိုမြည်​​တဲ့အတွက်​ က​လေး​တွေကို အပြင်​ထုတ်​ပြီး ၅ မိနစ်​​လောက်​အကြာမှာ သစ်​ပင်​လဲကျခဲ့ပြီး ​ကျောင်းအမိုးနဲ့ မျက်​နှာကြက်​တ​ချို့ ပျက်စီးခဲ့တာပါ။ ကာလတန်​ဖိုး အ​နေနဲ့ ငါးသိန်းကျပ်​ဖိုး​လောက်​ ကုန်​ကျမှာဖြစ်​ပြီး ထိခိုက်​ဒဏ်​ရာရတာ မရှိပါဘူး။ စာ​မေးပွဲနား နီး​နေတဲ့ အတွက်​ ရုံးဖွင့်ရက်​မှာ သက်​ဆိုင်​ရာ ပညာ​ရေးမှူးကို​ပြောပြီး အမြန်​ဆုံးပြုပြင်​​ပေးဖို့ ဝန်​ကြီးကို တင်​ပြမှာပါ" လို့ ပြောပါတယ်။ မ​ကွေးတိုင်း​ ပညာ​ရေးမှူးဦး​အောင်​မြင့်ကလည်း “သဘာဝ​ဘေးအတွက်​ ပျက်​စီးဆုံးရှုံးတဲ့ စရိတ်​ကို အဆင့်ဆင့် တင်​ပြလာရင် ရုံးချုပ်​ကို ချက်​ချင်းတင်​ပြပြီး အမြန်​ဆုံး ပြင်​ဆင်​သွားမှာပါ" လို့ဆိုပါတယ်​။ အဲဒီရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အနီးအနားရွာတွေက  ကျောင်းသားကျောင်းသူတွေလည်း လာရောက် သင်ကြားနေကြတာ ဖြစ်ပါတယ်။ သတင်း-မင်းထီး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024