ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 2, 2019
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၅၄၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ ၁ အိတ်ကို ၆၃၀၀၀ မှ ၆၈၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကအတိုင်း ဈေးပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နှင့် မန္တလေးကုန်စည်ဒိုင်မှာ ၁၂၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၆၅၆၀၀ ပေါက်ဈေးရှိပြီး မနေ့ဈေးအတိုင်း အပြောင်းလဲမှုမရှိပါဘူး။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) ၁ အိတ်ကို ၆၃၀၀၀ မှ ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နှင့် မန္တလေးကုန်စည်ဒိုင်မှာ ၉၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲထောပတ်
မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၁၂၀၀၀ မှ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲထောပတ် ၁ အိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနှင့်မုံရွာကုန်စည်ဒိုင်မှာ ၁၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲကြီး
မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၆၃၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၈၀၀၀ ကနေ ၈၄၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
စားအုန်းဆီ
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁၆၈၀ ကနေ ၁၆၈၅ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၇၂၀ ကနေ ၁၇၄၀ ပေါက်ဈေး ရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၅ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်အဓိကထွက်ရှိတဲ့ ပခုက္ကူကုန်စည်ဒိုငမှာ ကြက်သွန်နီက ၁ ပိဿာကို ၈၀ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၀၀ ကနေ ၅၂၅ ကျပ် ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၀၀ ကနေ ၅၇၅ ကျပ်ရှိပြီး ၁ ပိဿာကို ၂၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA