Homeမြန်မာသတင်း
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံပွဲနှင့် ဖွင့်ပွဲပြုလုပ် (ဓာတ်ပုံ)
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံပွဲနှင့် ဖွင့်ပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
February 2, 2019
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်မထားရှိဖို့ ကန့်ကွက်ဆန္ဒပြတာတွေ ရှိနေပေမယ့် တန်ပြန်ထောက်ခံပွဲနဲ့ ကြေးရုပ်ဖွင့်ပွဲကို ဂန္ဒာဟေဝန်ပန်းခြံမှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ခုလို ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးကို လူဦးရေ ၅၀၀ လောက်က လွိုင်ကော်မြို့ပေါ်မှာ ထောက်ခံလှည့်လည်တာတွေ ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဗိုလ်ချုပ်ကြေးရုပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ချုပ် ဦးအယ်လ်ဖောင်းရှိုလည်း တက်ရောက်ခဲ့ပါတယ်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ကို မထားရှိဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့က ထိုင်သပိတ်ဆင်နွှဲခဲ့တဲ့ ကရင်နီလူငယ် ၂၀ ဦးကို လွိုင်ကော်မြို့နယ် ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပါတယ်။
သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး