Live
Home
မြန်မာသတင်း
ကျောက်တော် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်များ နေရပ်မပြန်ရဲ ဖြစ်နေ
DVB
·
February 2, 2019
ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နေရပ်ကို ပြန်ချင်ပေမယ့် မပြန်ရဲဘူး ဖြစ်နေကြပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားကကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ဦးရေဟာ ၃၀၀၀ ၀န်းကျင် ရှိပါတယ်။ ဒီစစ်ဘေးရှောင်တွေဟာ ဝါးတောင်ကယ်ဆယ်ရေးစခန်း၊ ကန်စောက်ကယ်ဆယ်ရေးစခန်း၊ တောင်းမင်းကုလားကျေးရွာ ကယ်ဆယ်ရေးစခန်းနဲ့ အထက်မြတ်လှဲကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြတာပါ။ သူတို့အနေနဲ့ နေရပ်တွေကို ပြန်လိုကြပေမယ့် စားနပ်ရိက္ခာတွေ သယ်ဆောင်မပေးတာရယ်၊ အသက်အန္တရာယ် စိုးရိမ်တာကြောင့် မပြန်ရဲဖြစ်နေကြတာပါ။ လက်ရှိအချိန်အထိတော့ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားကျေးရွာတွေကို ရိက္ခာတွေ သယ်ယူတဲ့နေရာမှာ တပ်မတော်က ကန့်သတ်ချက်တွေရှိနေတာပါ။ အဲ့ဒီ့ဒေသမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတချို့နဲ့ ကျေးရွာအချို့မှာ ရိက္ခာတွေ ပြတ် တောက်နေကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ကျောက်တောမြို့နယ်၊ ဝါးတောင်းကျေးရွာ ကန်စောက်ဘုန်းတော်ကြီးကျောင်း၊ တောင်းမင်းကုလားကျေးရွာ အထက် မြတ်လှဲကယ်ဆယ်ရေးစခန်းတွေမှာတော့ စစ်ဘေးရှောင် ၃၀၀ဝ ဝန်းကျင်ရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ထောက်ပံ့ပေးနေကြတာလည်း ရှိပါတယ်။ ရိက္ခာသယ်ယူခွင့်ရယူဖို့နဲ့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ပြည်နယ်အစိုးရရုံးမှာ ပြောဆိုခဲ့ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေး လေးမြို့နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော်ရှိပါတယ်။ အဲ့ဒီထဲမှာ ဘူးသီးတောင်မြို့နယ် ဒုံသိမ်းကယ်ဆယ်ရေးစခန်းနဲ့ ဝနက်ရုံတို့မှာဆိုရင် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ သတင်း - ၀ဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024