ဒေါ့မွန်ကွင်းလယ်ကစားသမား ကာဂါဝါကို ဘက်ဆစ်တပ်စ်အသင်း အငှားဖြင့်ခေါ်ယူ

မိုနာကိုအသင်းက ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ရှင်ဂျီကာဂါဝါကို တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကာဂါဝါဟာ အစ္စတန်ဘူလ်ကို ရောက်ရှိနေပြီး အခုရာသီဝက်မှာတော့ အငှားနဲ့ဖြစ်ပြီး နှစ်ကုန်မှာတော့ အပြီးသတ်ခေါ်ယူသွားမယ်လို့ ဘက်ဆစ်တပ်စ်အသင်းက ကြေညာထားပါတယ်။ ကာဂါဝါဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်လက်အောက်မှာ တောက်ပခဲ့တဲ့ အာရှသားတဦး ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်အနားယူပြီးနောက် ဒေးဗစ်မိုရက်စ်လက်အောက်မှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလာခဲ့ပြီး နည်းပြဗန်ဂါးလ်ကိုင်တွယ်ချိန်မှာတော့ ဒေါ့မွန်အသင်းကို ပေါင် ၁၂ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ တူရကီထိပ်သီး ဘက်ဆစ်တပ်စ်ဟာ လိဂ်ပွဲတွေမှာ ရုန်းကန်နေရတာကြောင့် ကာဂါဝါရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့အတူ အသင်းကို အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up