Home
မြန်မာသတင်း
မြောင်းမြအကျဉ်းထောင်ထဲပို့မည့် စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆီးရမိ
DVB
·
January 30, 2019
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အကျဉ်းထောင်ထဲကို ပို့မယ့် ပစ္စည်းထဲကနေ WY စိတ်ကြွရူးသွပ် မူးယစ်ဆေးပြားတွေ ဇန်နဝါရီ ၂၉ ရက်မွန်းလွဲပိုင်းက  ဖမ်းဆီးရမိခဲ့ပါတယ်။ မြောင်းမြထောင်မှာအကျဉ်းကျခံ နေရတဲ့ နိုင်လင်းထွန်း (ခ)ဖိုးခွား (ခ) တင်ကိုဦး ကိုထောင်ဝင်စာ လာရောက်တွေ့တဲ့ ရန်ကုန်မြို့နေ ဇင်မင်းကိုကို၊ မပိုးအိဖြူ တို့ ယူဆောင်လာတဲ့ ထောင်ဝင်စာ ပစ္စည်းတွေကို ရှာဖွေရာမှ Clear ခေါင်လျှော်ရည် ဗူးထဲက စိတ်ကြွ ရူးသွပ်ဆေးပြားတွေ၊ အပြာရောင် Clear ခေါင်းလျှော်ရည် ဗူး ၂ ဗူး အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀ ပြားနဲ့ R တံဆိပ်ပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၈ ပြား၊ အစိမ်းရောင် ၂ ပြား ၊ စုစုပေါင်း ၃၅၀ ပြား တွေ့ရှိခဲ့ပါတယ်။ တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်းက ဒုတိယထောင်ပိုင် ဦးတင့်လွင်ကို မူးယစ်ဆေး တွေ့ကြောင်း တင်ပြခဲ့နေစဉ် ဇင်မင်းကိုကိုဟာ ကားရှိရာသို့ ထွက်ပြေးသွားလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ဝိုင်းဝန်းဖမ်းဆီးရာ အကျဉ်းထောင်အဝနားမှာ ဖမ်းဆီးရမိခဲ့သလို ထောင်ကုန်းဗလီ အနီးက ကားတစီးမှာ အသင့်ဆောင်နေတဲ့ မပိုးအိဖြူကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူ ဇင်မင်းကိုကိုနဲ့ မပိုးအိဖြူတို့ကို မြောင်းမြမြို့မ ရဲစခန်းက မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၉(က)/၂၁ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ ကျော်စိုးမိုး၊ မျိုးဇော်(မြောင်းမြ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024