မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်မှုများ နေ့စဉ်ပြုလုပ်

ဓာတ်ပုံ - MFF
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ အတွက် မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးအသင်းဟာ လေ့ကျင့်ပြင်ဆင်မှုတွေ နေ့စဉ်ပြုလုပ်နေပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးအသင်းဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ ပြိုင်ပွဲကြိုပြင်ဆင်မှု အနေနဲ့ သြစတြေးလျနိုင်ငံမှာ ၁၀ ရက်ကြာ သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးအသင်းရဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် လာရောက်ကြည့်ရှုခဲ့ပြီး နည်းပြ၊ ကစားသမားတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ မန္တလေးမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်မှာ အိမ်ရှင် မြန်မာ အပါအဝင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စု ပထမနဲ့ ဒုတိယအသင်း ၂ သင်းဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် အမျိုးသမီး ယူ-၁၆ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up