သေဒဏ်ကျ ခရစ်ယာန်အမျိုးသမီးကို လွှတ်ပေးသည့်အပေါ် အသနားခံလွှာတင်သွင်းမှု ပါကစ္စတန်တရားရုံးချုပ် ပယ်ချ

ပါကစ္စတန် ခရစ်ယာန် အမျိုးသမီးကို တရားသေလွှတ်ပေးလိုက်တဲ့အပေါ် အစ္စလာမ္မစ်တွေက အသနားခံလွှာ တင်သွင်းမှု တရားရုံးချုပ်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ အီရှာဘီဘီဆိုသူ ခရစ်ယာန်အမျိုးသမီးကို ၂၀၁၀ ခုနှစ်က သေဒဏ်ချမှတ်ခဲ့ပါတယ်။ အီရှာဟာ မွတ်စလင် မဟုတ်တဲ့အတွက် အိမ်နီးချင်းတွေက သူတို့ဖန်ခွက်နဲ့ ရေမတိုက်တဲ့အပေါ် သူက အစ္စလာမ်ဘာသာကို  ပုတ်ခတ်ပြောခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။ အဲဒီပြစ်ဒဏ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပါကစ္စတန် တရားရုံးချုပ်က အီရှာကို တရားသေ လွှတ်ပေးခဲ့ပါတယ်။ တရားသေ လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဘာသာရေး သဘောထား တင်းမာသူတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အီရှာကို နိုင်ငံကနေ ထွက်ခွာခွင့်မပြုရေး အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အစ္စလာမ္မစ်တွေက တရားသေလွှတ်ပေးတဲ့အပေါ် ဆန့်ကျင်တဲ့ အသနားခံလွှာကို တင်သွင်းခဲ့ပါတယ်။ တရားသေ လွတ်မြောက်ခဲ့တဲ့ အီရှာဘီဘီဟာ ပုန်းအောင်းနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up