အွန်လိုင်းပေါ်ရေပန်းစားနေသည့် အဆိုတော် လွှမ်းပိုင်သီချင်း-အချစ်ဈာပန(ရုပ်သံ)
DVB
·
January 30, 2019
“ငါတနေကုန်အရက်ဆိုင်ထဲမှာပဲ… ငါထိုင်ကာဆွေးရင်ဆွေးနေမယ်… ဘယ်သူမှ မဖျောင်းဖျပါနဲ့… ဒါငါ့ရဲ့အချစ်တွေဈာပနချပွဲ… ဟိုဒီသွားလာလို့နေတဲ့… လူတွေနှာခေါင်း ရှုံ့ မေးငေါ့ဆဲ… မှောက်လဲမူးပြဲနေတဲ့… အရက်သမားကြီးလို… ဘာလို့လုပ်နေမလဲတဲ့”
ဒါကတော့ လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တဲ့ လူငယ်အဆိုတော် လွှမ်းပိုင်ရဲ့ အချစ်ဈာပနအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။
ဒီသီချင်းဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဂီတဗေဒ တေးအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်ကာ အမ်တီဗွီအနေနဲ့ အခုမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“ခင်ဗျားချစ်သူတခြားတယောက်လက်ကိုပါသွားရင်… ခင်ဗျားဘယ်လိုလုပ်နေမ လဲ… ဟားတိုက်ကာမိန်းမယုတ်လို့ထိုင်ဆဲရင်း… မျက်ရည်တွေကျလာမယ်… ဒါပါပဲ အ သည်းကွဲသွားတာပဲ”
ဒီသီချင်းရုပ်သံဗွီဒီယိုကိုတော့ ဒါရိုက်တာ အောင်ကျော်သက်က ရိုက်ကူးပုံဖော် ပေးထားခဲ့တာဖြစ်ပြီး လွှမ်းပိုင်ရဲ့ အစ်ကိုဖြစ်တဲ့ သရုပ်ဆောင် ကျော်ဆု၊ မော်ဒယ် ဟန် သာဇေတို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ဆန်းပြားတဲ့ ရက်ပ်စာသားတွေနဲ့ သီချင်းတွေကို ရေးသားသီဆိုတတ်တဲ့ လွှမ်းပိုင် ဟာ အဆိုတော် Bobby Soxer နဲ့ စုံတွဲထွက်ရှိခဲ့တဲ့ ဒုံးပျံတေးအယ်လ်ဘမ်မှစတင်ပြီး လူ သိများ ပရိသတ်အားပေးမှု ရရှိလာခဲ့တာဖြစ်ပြီး တကိုယ်တော် အယ်လ်ဘမ်တွေရော၊ အ တွဲခွေတွေမှာပါ သီချင်းပေါင်းများစွာ သီဆိုအောင်မြင်နေသူ ဖြစ်ပါတယ်။
“သာပါတယ်မင်းကတော့ဆရာပဲ… မင်းထက်ငါအသက်ကြီးကြီးပေမယ့်လည်း… နင်လှည့်စားနေမှန်းတောင်မသိဘူး… အဲ့ဒီလောက်တောင်နုံအပါတယ်… မင်းနဲ့ငါ ဘာမှ မဟုတ်ခဲ့သလိုပဲ… အိမ်သူသက်ထားငါ့ရဲ့… ချစ်ဇနီးမယားလုပ်မယ်… ဘယ်သူပြောတာ လဲ မင်းပြောကွယ်… အရက်ဆိုတာငါ့အတွက်… အကာင်းဆုံးအဖော်တခုပါပဲ”
လွှမ်းပိုင်ရဲ့ ဒီသီချင်းရုပ်သံကိုတော့ FG Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်စာမျက်နှာပေါ်မှတဆင့် ပရိသတ်တွေအတွက် မျှဝေထားခဲ့တာဖြစ်ပြီး ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းကျော်ရှိနေခဲ့တာပါ။
“တကယ်တော့ အချစ်ဆိုတာ… တကယ်ချစ်ရတဲ့သူကသာ ခံစားရပေမယ့်… မ ချစ်တဲ့သူတွေအတွက်ကတော့… ကျနော်တို့ကဟာသကြီးလိုပါပဲဗျာ”