Home
အနုပညာ
စိုင်းစိုင်း၊ ထွန်းထွန်းနှင့် ဖွေးဖွေးတို့ပါဝင်သည့် ‘ကြာတော့သည်လည်း မောင့်စကား’ရုပ်ရှင်(နမူနာ)
DVB
·
January 30, 2019
စာရေးဆရာမ ဂျူးရဲ့ နာမည်ကြီး ၀တ္ထုတပုဒ်ကို ပုံဖော်ရိုက်ကူးထားတဲ့  ကြာတော့ သည်လည်း မောင့်စကားရုပ်ရှင်ကားကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီကားကိုတော့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။     တင်တင်ဇော်၊ ဖြိုးကျော်၊ နန္ဒစတဲ့ လူငယ် ၃ ယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ် လမ်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားဟာ ဇာတ်ကောင်တွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ထွက်မလာခင်ကတည်းက ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ ဒီကားကို ၁၉၉၅ ခုနှစ် ၀န်းကျင်လောက်တုန်းက သရုပ်ဆောင် စိုးမြတ်သူဇာ၊ ရန်အောင်၊ ရဲအောင်တို့နဲ့ ဒါရိုက်တာ အောင်မြင့်မြတ်က ရိုက်ကူးခဲ့ဖူးပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ ရုပ်ရှင် ဖြစ်တာမို့ ခုထွက်ရှိလာတဲ့ကားထဲမှာရော ဘယ်လိုကွဲပြားခြားနားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုကြရမလဲ၊ အရင်ရုပ်ရှင်ကားကိုရော မီပါ့မလားဆိုတာတွေကို ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်ကြိုက်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။     ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ နှစ်သန်းနီးပါး ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024