နယူးကာဆယ်က မန်စီးတီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 30 January, 2019
641
0
Share
0
Comment
0
Likes
VIDEO
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီး မန်ချက်စတာစီးတီး အသင်းက အဝေးကွင်းမှာ နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
မန်စီးတီးက ပွဲအစ ၁ မိနစ်မှာပဲ တိုက်စစ်မှူး အဂူရိုသွင်းတဲ့ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ နယူးကာဆယ်အတွက် ချေပဂိုးကို ၆၆ မိနစ်မှာ ရွန်ဒွန်က သွင်းယူပါတယ်။
မန်စီးတီးက အဝေးကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
နယူးကာဆယ်အတွက် အနိုင်ဂိုးကို မိနစ် ၈၀ မှာ ပယ်နယ်တီကနေ ရစ်ချီက သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ နယူးကာဆယ်ကတော့ ၂၄ မှတ်နဲ့ အဆင့် ၁၄ ကို တက်လှမ်းသွားပြီး မန်စီးတီးက ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။