Home
မြန်မာသတင်း
ကချင်ပြည်နယ်အစိုးရ လစ်လပ်ဝန်ကြီး ၃ နေရာအတွက် အမည်စာရင်တင်သွင်း
DVB
·
January 29, 2019
ကချင်ပြည်နယ် အစိုးရက လစ်လပ်နေတဲ့ ၀န်ကြီး ၃ နေရာအတွက် ဒီကနေ့ ကချင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ အစိုးရက လူ ၄ ဦးကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ လစ်လပ်နေတာကတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီးနဲ့ လူမှုရေးဝန်ကြီးဌာန၀န်ကြီးနေရာတွေ ဖြစ်ပါတယ်။ ဒီလိုလစ်လပ်တဲ့နေရာမှာ စည်ပင်သာယာရေးဝန်ကြီး ဦးနေ၀င်းကို အစိုးရအဖွဲ့က လူမှုရေးဝန်ကြီးအဖြစ် အဆိုတင်သွင်းထားသလို သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းနဲ့ စိုက်ပျိုးမွေးဝန်ကြီး ဦးကျော်ကျော်ဝင်း တို့ကိုလည်း အဆိုတင်သွင်းထားပါတယ်။ ဒါ့ကြာင့် စည်ပင်ဝန်ကြီး ဦးနေ၀င်းအစား ဦးနော်လီကို အဆိုတင်သွင်းထားတာလို့  စိုက်ပျိုးမွေးမြူရေးဝန်ကြီးအဖြစ် အဆိုတင်သွင်းခံရသူ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။ “၄ ယောက်ဆိုတာက ၀န်ကြီးဌာန အပြောင်းအလဲလုပ်တာ။ အဲဒီစည်ပင်သာယာရေး ၀န်ကြီး ဦးနေ၀င်းကို အခု လူမှုရေးဝန်ကြီးအဖြစ် သူက ခန့်လိုက်တာ။ လူမှုရေးဝန်ကြီးအဖြစ် ခန့်လိုက်တော့ စည်ပင်သာယာရေးမှာက အခုလုပ်တဲ့ နော်လီကို ထပ်ထည့်လိုက်တာ။ လွတ်သွားတဲ့ စည်ပင်နေရာကို ၀ိုင်းမော်မဲဆန္ဒနယ် ၂ က ဦးနော်လီကို ထည့်လိုက်တာပေါ့။” ကချင်ပြည်နယ်အစိုးရအဖွဲ့သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လ အောင်ကို တာဝန်ကနေရပ်စဲကြောင်း ဇန်နဝါရီ ၂၁ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက   ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှစ်ဦးဖြစ်တဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ကိုလည်း သူတို့သဘောဆန္ဒအရ ပြည်နယ်ဝန်ကြီး တာဝန်ကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်ရဲ့ အမိန့်နဲ့ သီးခြား ထုတ်ပြန်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024