ဘရာဇီးဆည်ကျိုးပေါက်မှု ရွှံ့ရေထဲနစ်သည့် ခရီးသည်တင်ကားတစီး တွေ့ရှိ

944
ဘရာဇီးဆည်ကျိုးပေါက်မှုကနေ ရွှံရေတွေအတွင်း နစ်နေတဲ့ ခရီးသည်တင်ယာဉ်တစီးကို ဇန်န၀ါရီလ ၂၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အဲဒီ ဘတ်စ်ကားကို ရှာတွေ့ခဲ့ပြီး ကားပေါ်မှာ သေဆုံးသူတွေနဲ့ ပြည့်နေမယ်လို့ ယူဆထားပါတယ်။
မီးသတ်သမားတွေဟာ မီတာပေါင်း ရာချီကျယ်ဝန်းတဲ့ ရွှံ့ပင်လယ်ကို ပျဉ်ပြားတွေခင်းပြီး ဘတ်စ်ကားထဲက အလောင်းတွေကို ရှာဖွေဖို့ ကြိုးပမ်းနေပါတယ်။
ရွာသားတွေက ရွှံ့နွံအတွင်း နစ်နေတဲ့ နွားတကောင်ကို ကယ်ဆယ်ရာကနေ အဲဒီဘတ်စ်ကားကို တွေ့ခဲ့တာပါ။
ဆည်ကျိုးမှုအန္တရာယ်ကြောင့် သေဆုံးသူဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့အထိ အယောက် ၆၀ ရှိသွားပြီး လူ ၃၀၀ လောက် စာရင်းပျောက်နေပါတယ်။
တာဝန်ရှိသူတွေက ပျောက်ဆုံးနေသူတွေကို အသက်ရှင်ရက် တွေ့ဖွယ်မရှိဘူးလို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။