အမေရိကန်တွင် မူးယစ်ဆေးဖမ်းဆီးရာတွင် ပစ်ခတ်မှုဖြစ်၊ သံသယရှိသူ ၂ ဦး သေဆုံး

1K
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ဇန်န၀ါရီ ၂၈ ရက်နေ့က မူးယစ်ဆေးစုံစမ်းရေးအတွက် ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေ ဖမ်းဆီးရာကနေ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သံသယရှိသူ နှစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၀င်ရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေနတ်ထိမှန်ခဲ့ပြီး နှစ်ဦးဟာ အခြေအနေ စိုးရိမ်ရပါတယ်။
ကျန်ရဲတပ်ဖွဲ့ဝင် နှစ်ဦးကတော့ အခြေအနေတည်ငြိမ်တယ်လို့ ဟူစတန်ရဲတပ်ဖွဲ့ အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။
ဟူစတန်မြို့ အရှေ့တောင်ပိုင်း နေအိမ်တခုကို ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရာကနေ သေနတ်ပစ်ခံရတာလို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
ဒီအတွက် SWAT အထူးတပ်ဖွဲ့က တာဝန်လွှဲပြောင်းယူခဲ့ပြီး အိမ်အခြေအနေကို သိဖို့ရာ ရိုဘော့တွေကို စေလွှတ်ခဲ့ပါတယ်။
အဆိုပါ ရိုဘော့တွေကနေရတဲ့ ရုပ်ပုံတွေအရ သံသယရှိသူနှစ်ဦးဟာ ပြန်လည်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။