ဟီဂွါအင် ရောက်လာသဖြင့် အသင်းပြောင်းရွှေ့နိုင်ဟု ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးပြော

တိုက်စစ်မှူး ဟီဂွါအင် ရောက်လာတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ သွင်းဂိုးနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားရမှုမရှိတာကြောင့် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂွါအင်ကို အငှားစာချုပ်နဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဟာဇက်က သူတွဲကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားဖြစ်ပေမယ့် သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့တာဟာ တိုက်စစ်မှူးတွေကို နာကျင်စေတယ်လို့ ဂျရူးကဆိုပါတယ်။ သူဟာ ပြင်သစ်ဘောလုံးလောကရဲ့ စတုတ္ထမြောက်ဂိုးအများဆုံး သွင်းသူဖြစ်ပေမယ့်  ဟီဂွါအင်ကို ခေါ်ယူလိုက်တာကြောင့်လည်း မိမိရဲ့အနာဂတ်အတွက် စဉ်စားသွားရမယ်လို့လည်း ဂျရူးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up