အက်ဖ်အေဖလား လက်ရှိချန်ပီယံ ချဲလ်ဆီးနှင့် မန်ယူ တွေ့ဆုံ

အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီးက မန်ချက်စတာယူနိုက်တက်နဲ့ ဆုံတွေ့ရမှာပါ။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံထားပြီး ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကတော့ လိဂ်တူးက နယူးပေါ့ ကောင်တီနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၅ နဲ့ ၁၈ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကြမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up