အင်တာမီလန် ကွင်းလယ်လူ ပါရီဆစ် အသင်းမှ ထွက်ခွင့်တောင်း

1K
အင်တာမီလန်ကွင်းလယ်လူ ပါရီဆစ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ ပါရီဆစ် ထွက်ခွာခွင့်တောင်းတာကို အင်တာမီလန်အသင်း ဒါရိုက်တာ မာရော့တာက အတည်ပြုခဲ့ပေမယ့် သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းတွေ မရှိသေးတဲ့အကြောင်း ပြောပါတယ်။
ပါရီဆစ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်နေပြီး သူ့အတွက် ကျေနပ်အောင် လုပ်ဆောင်ပေးမှာဖြစ်သလို သူ့ရဲ့တန်ဖိုးအတိုင်း ခေါ်ယူကြဖို့ လိုတယ်လို့လည်း မာရော့တာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ပါရီဆစ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၃၄ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်တယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။
ခရိုအေးရှားကွင်းလယ်လူ ပါရီဆစ်ဟာ စီးရီးအေပွဲစဉ် ၂၀ မှာ ၁၄ ပွဲပဲ ပွဲထွက်ကစားခဲ့ပေမယ့် ပြိုင်ပွဲစုံမှာတော့ ၂၅ ပွဲမှာ ၃ ဂိုးသွင်းပြီး ၅ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။