တာလီဘန်များ ရေးထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်း ကဘူးလ်ဒေသခံများ ကြိုဆို

901
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကောင်စီနဲ့ ကဘူးလ်မြို့တော်က ဒေသခံတွေဟာ တာလီဘန်တွေ မူကြမ်းရေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် မူကြမ်းကို ဇန်နဝါရီ ၂၇ ရက်က ကြိုဆိုလိုက်ပါတယ်။
အမေရိကန်ရဲ့ သက်တမ်းအကြာဆုံးစစ်ပွဲ အဆုံးသတ်ရေးအတွက် အာဖဂန်ကနေ နိုင်ငံခြားတပ်တွေ ၁၈ လအတွင်း ဆုတ်ခွာရေး သဘောတူညီချက် မူကြမ်းကို အမေရိကန် ညှိနှိုင်းဆွေးနွေးသူတွေက ဇန်နဝါရီ ၂၆ ရက်မှာ သဘောတူခဲ့တယ်လို့ တာလီဘန် အရာရှိတွေက ပြောပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အထူးသံတမန် ဇယ်မေ ခါလီဇဒ်နဲ့ ကာတာနိုင်ငံမှာ ၆ ရက်ကြာ ဆွေးနွေးအပြီး သဘောတူညီချက်မူကြမ်း အသေးစိတ်တွေကို တာလီဘန် သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပေးခဲ့တာပါ။
အမေရိကန် ဦးဆောင်တဲ့ တပ်တွေက အာဖဂန်နစ္စတန်နိုင်ငံကို ကျူးကျော်ခဲ့တဲ့ ၁၇ နှစ်ကျော်ကြာ စစ်ပွဲ အဆုံးသတ်ရေး ရည်မှန်းထားပါတယ်။
လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ထဲမှာ ၁၈ လအတွင်း တပ်တွေဆုတ်ဖို့ ပါပါတယ်။
ကဘူးလ်မြို့တော် လမ်းတွေပေါ်က ဒေသခံတွေက ငြိမ်းချမ်းတဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် သူတို့ရဲ့ဆန္ဒတွေကို အသေအချာ ပြောခဲ့ကြပါတယ်။