မန်ယူနောက်ခံလူ ဗလင်စီယာ အသင်းမှထွက်ခွာဖွယ်ရှိ

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဗလင်စီယာဟာ လာမယ့်တပတ်အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြသွားပါတယ်။ ဗလင်စီယာဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ ဖူလ်ဟမ်အသင်းတွေက ဗလင်စီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိ အီကွေဒေါကစားသမား ဗလင်စီယာဟာ အခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲပဲ ကစားခွင့် ရထားပါတယ်။ ၂၀၀၉ ခုနှစ်က ဝီဂန်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဗလင်စီယာဟာ အသင်းခေါင်းဆောင်ရာထူးကို ရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှား လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဗလင်စီယာဟာ မန်ယူအသင်းအတွက် စုစုပေါင်း ၃၃၈ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားနှစ်လုံး ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up