Live
Home
သတင်းတို
မန္တလေး ဈေးချိုတော်တွင် မသင်္ကာဖွယ် ဓာတ်ဆီအိတ်များ တွေ့ရှိ
DVB
·
September 20, 2012
မန္တလေး ဈေးချိုတော် ၇ ဈေးအိမ်သာ (သန့်စင်ခန်း) အကြား ဆိုင်တွေအောက်ခြေနား မှာ ကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနေ့ မနက် ၆ နာရီဝန်းကျင်က တွေ့ရှိခဲ့တယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။ ဈေးခင်းဖို့ ရောက်လာတဲ့ ရှမ်းခေါက်ဆွဲဆိုင်ရှင် အမျိုးသမီးကြီးက မီးတောက်နေတာကို စတင်တွေ့ရှိတဲ့အတွက် ဈေးသန့်စင်ခန်းအစောင့်ကို အော်ဟစ်အကူအညီတောင်းပြီး အခြားဈေးသူဈေးသားတွေနဲ့အတူ ရေစို ပုဆိုး၊ အ၀တ်တွေနဲ့ ခဏအတွင်း မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄ အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာ ဓာတ်ဆီအိတ်တွေ ဆက်တွေ့တယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။ “အပေါ်မှာတထုပ် ဒီအောက်မှာလောင်ပြီးရင် အပေါ်မှာ ကူးမယ်။ အဲ့လိုပုံစံနဲ့လုပ်တာ၊ အပေါ်မှာကူးရင်မလွယ်တော့ဘူး။” မွန်းလွဲ ၁ နာရီလောက်မှာလည်း ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက် ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိတယ်လို့ ဆိုပါတယ်။ “အိတ်ဖွင့်လိုက်တော့ ဓာတ်ဆီ အနံ့ရတယ်။ အိတ်အမဲကို ၂ ထပ်ထပ်ထားတယ်။ နောက်တခါ အဲ့အထဲမှာ ဓာတ်ဆီထည့်ထားတဲ့ အိတ်ကို ကြွတ်ကြွတ်အိတ် အကြည်နဲ့ ထည့်ထားတယ်။ ဖွင့်ကြည့်လိုက်မှ ဓာတ်ဆီအနံ့ ထွက်လာတယ်။ ဘေးမှာလည်း ဓာတ်ဆီတွေ လောင်းထားတယ်။” ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တဲ့အတွက် ဈေးသူဈေးသားတွေက တရားခံကို အမြန်ဆုံး ဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ဈေးမီးလောင်အောင်လုပ်ပြီး ဈေးအသစ် တည်ဆောက်မှာကိုလည်း စိုးရိမ်နေကြတယ် လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024