အိုဒွိုင်း၊ ဝီလျံတို့၏ သွင်းဂိုးများဖြင့် ချဲလ်ဆီးက ရှက်ဖီးဝမ့်စ်ဒေးကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝမ့်စ်ဒေးတို့ မနေ့ကယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ပွဲထွက် အသုံးပြုသွားသလို လူငယ်ကစားသမား အိုဒွိုင်း၊ ဝီလျံ၊ ဘာ့က်လေ၊ ကိုဗာဆစ်၊ အန်ပါဒူ၊ အလွန်ဆို၊ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ အက်ဇ်ပီလီကျူတာတို့နဲ့ ဂိုးသမားအဖြစ် ကာဘယ်လာရိုကို အသုံးပြုသွားပါတယ်။ အိမ်ရှင် ချဲလ်ဆီးအသင်းဟာ ပွဲစဉ်တလျှောက် ရှက်ဖီးဝမ့်စ်ဒေးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာရခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပွဲချိန် ၂၆ မိနစ်မှာ ပယ်နယ်တီကတဆင့် ဝီလျံက အဖွင့်ဂိုး သွင်းပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက် ချဲလ်ဆီးကပဲ ထိုးဖောက် တိုက်စစ်ဆင်ကစားပြီး ၆၄ မိနစ်မှာ လူငယ်ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်းလ်နဲ့ ၈၃ မိနစ်မှာ ဝီလျံတို့က ဂိုးတွေ ထပ်သွင်းပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ အက်ဖ်အေဖလား နောက်တဆင့် တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဝီလျံ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up