Home
မြန်မာသတင်း
၅ ရက်အတွင်း ငလျင်ငယ် ၈ ကြိမ် လှုပ်ခတ်ခဲ့
DVB
·
January 27, 2019
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ငလျင်ငယ် ၈ ကြိမ်လှုပ်ခဲ့တယ်လို့ မိုေးလဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီလောက်က ကချင်ပြည်နယ် ဟိုပင်မြို့ရဲ့ အနောက်မြောက်ဘက် ၁၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာ စကေး ၃ ဒသမ ၆ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာတော့ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ တောင်ဘက် မိုင် ၉၀ လောက်ဝေးတဲ့ မြန်မာနိုင်င်ငံတောင်ဘက် ကမ်းရိုးတန်းနားမှာ ရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာတော့ မန္တလေး၊ စစ်ကိုင်းတိုင်းတို့မှာ ငလျင်ငယ် ၅ ကြိမ် လှုပ်ခဲ့ပါတယ်။ မနက် ၄ နာရီကျော်ကျော်က ကလေးမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး  ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ငယ်တခု၊ မနက် ၉ နာရီခွဲလောက်မှာ ဂန့်ဂေါမြို့ရဲ့ အရှေ့တောင်ဘက် ၂၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ငယ်တခု၊ ည ၈ နာရီခွဲကျော်မှာလည်း ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် ၂၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တခုတို့ လှုပ်ရှားသွားပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ဖောင်းပြင်မြို့ရဲ့ အရှေ့တောင်ဘက် ၁၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး ည ၉ နာရီလောက်မှာ ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပြီး ည ၁၁ နာရီအချိန်လောက်မှာတော့ မြင်းခြံမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက် ည ၆ နာရီခွဲလောက်မှာတော့ ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်လောက်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024