ရာဘာကျည်နှင့်မျက်ရည်ယိုဗုံး အသုံးပြုမှု ပြင်သစ်အင်္ကျီဝါ ဆန္ဒပြသူများ ပြစ်တင်ရှုတ်ချ

ပဲရစ်မြို့မှာ ဇန်န၀ါရီ ၂၆ ရက်နေ့က  ၁၁ ကြိမ်မြောက် သီတင်းပတ်အဖြစ် အကျီဝါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေက ရာဘာကျည်နဲ့ မျက်ရည်ယိုဗုံးအသုံးပြု ဖြိုခွဲတာတွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဆန္ဒပြသူတွေက အဲဒီလက်နက်တွေကို နည်းမှန်လမ်းမှန် အသုံးမပြုရင်  ဒဏ်ရာပြင်းပြင်းထန်ထန်ရစေတယ်လို့ ဆိုပါတယ်။ မကြာသေးခင် သီတင်းပတ်က ခုခံရေး လက်နက်တွေကြောင့် ဆန္ဒပြသူတွေ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံနှံ့သွားပြီးနောက်  ရဲတပ်ဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ အဲဒီလို ဝေဖန်တာနဲ့ ပတ်သက်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ရဲတွေအနေနဲ့ အဲဒီလက်နက်တွေ အသုံးပြုမယ်ဆိုရင် body camera တွေ တပ်ဖို့လိုအပ်တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ကြေညာခဲ့ပေမယ့် ရာဘာကျည်အသုံးပြုမှုကိုတော့ သူက ကာကွယ်ပြောကြားခဲ့ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ အီဖော ဖီဒူစီရာ စစ်တမ်းအရ ပြင်သစ်နိုင်ငံသား ၅၄ ရာခိုင်နှုန်းဟာ ရာဘာကျည် အသုံးပြုတာကို ဆန့်ကျင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up