အိန္ဒိယနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် စစ်အင်အားပြသ

ဇန်န၀ါရီလ ၂၆ ရက်နေ့က အိန္ဒိယသမ္မတနိုင်ငံတည်ထောင်တဲ့ အနှစ် ၇၀ ပြည့် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ စစ်အင်အားကို ပြသခဲ့ပါတယ်။ စစ်ရေးပြအခမ်းအနားကို သမ္မတ အိမ်တော်နဲ့ အိန္ဒိယမုခ်ဦးကို ဆက်သွယ်ထားတဲ ရာဇာလမ်းမကြီးထက် အများပြည်သူတွေရှေ့မှောက်မှာ ပြုလုပ်ခဲ့ပါတယ်။ ၀န်ကြီးချုပ် နာရန်ဒြာမိုဒီက  အိန္ဒိယမုခ်ဦး စစ်သည်များ အထိမ်းအမှတ်နေရာမှာ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုပြီး အခမ်းအနားကို စတင်ခဲ့ပါတယ်။ အခမ်းအနားကို တောင်အာဖရိက သမ္မတ ရမ်မာဖိုဆာလည်း တက်ရောက်ခဲ့ပါတယ်။ အဆိုပါ စစ်ရေးပြအခမ်းအနားမှာ အိန္ဒိယတပ်မတော်ရဲ့ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းရှိတဲ့ T-90 ဘစ်ရှ်မာ တင့်ကား၊ အမြန်တိုက်ခိုက်ရေးယာဉ် နဲ့ အမြောက်ပစ်ယာဉ်တွေကို လူကြိုက်များခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် သြဂုတ် ၁၅ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပေမယ့် ၁၉၅၀ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့မှသာ အချုပ်အခြာပိုင် သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up