အင်တာမီလန် တိုက်စစ်မှူး ပါရီဆစ်ကို ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးတဲ့ အင်တာမီလန် တိုက်စစ်မှူး ပါရီဆစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ခရိုအေးရှား တိုက်စစ်မှူး ပါရီဆစ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေတုန်းက ယူနိုက်တက်ကို ရောက်ရှိဖို့ အနီးစပ်ဆုံးမှာ ရှိခဲ့ပေမယ့် အင်တာမီလန်အသင်းက ၂၀၂၂ ခုနှစ်ထိ စာချုပ် ချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်တလောမှာတော့ ပါရီဆစ်ကို ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် အာဆင်နယ်အသင်းက လက်ဦးမှုရယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ လက်တလော ဘဏ္ဍာရေးအခြေအနေအရ ကစားသမားတွေကို ဝယ်ယူနိုင်ခြင်းမရှိသေးဘဲ အငှားသာခေါ်ယူနိုင်မယ့် အခြေအနေကြောင့် ရာသီကုန်မှသာ အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။ ပါရီဆစ်အတွက် ပေါင် ၃၅ သန်း အသုံးပြုရင်ခေါ်ယူနိုင်မယ့် အခြေအနေကြောင့် အငှား အရင်ခေါ်ပြီး ရာသီကုန်မှ အပြီးသတ်ခေါ်ယူဖို့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက မျှော်လင့်နေတာပါ။ အာဆင်နယ်အသင်းဟာ လက်တလောမှာတော့ ဘာစီလိုနာက ဒင်းနစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ လက်မလျှော့သေးသလို၊ ပီအက်စ်ဂျီက အန်ကန်ကူ၊ အခု အင်တာမီလန်က ပါရီဆစ်ကိုပါ ခေါ်ယုဖို့ မျက်စိကျနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up