မန်စီးတီးက ဘန်လေအသင်းကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းကြီး မန်စီးတီးက ဘန်လေအသင်းကို ၅ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ အိမ်ရှင် မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးယူကစားခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၂၃၊ ၅၂၊ ၆၁၊ ၈၅ မိနစ်တွေမှာ ဂျီးဆပ်၊ ဆေးဗား၊ ဒီဘရိုင်းနဲ့ အဂူရိုတို့က သွင်းယူခဲ့တာဖြစ်ပြီး ၁ ဂိုးကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ ဘန်လေကစားသမား ကီဗင် ကိုယ့်ဂိုးကိုယ်သွင်းယူမိတာ ဖြစ်ပါတယ်။ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားအက်ဖ်အေဖလားပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ၀က်စ်ဟမ်း၊ အဲဗာတန်နဲ့ နယူးကာဆယ်တို့ ရှုံးပွဲတွေ့သွားပါတယ်။ ၀က်စ်ဟမ်းအသင်းကတော့ ၀င်ဘလက်ဒန်အသင်းကို ၄ ဂိုး ၂ ဂိုး၊ အဲဗာတန်က မီဝေါအသင်းကို ၃-၂ ဂိုး၊ နယူးကာဆယ်အသင်းကတော့ ၀က်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကတော့ အိမ်ကွင်းမှာ ၀က်စ်ဘရွန်းအသင်းနဲ့ ဂိုးမရှိ သရေကျသွားပြီး ၀ုလ်ဗာဟမ်သန် အသင်းကတော့ အဝေးကွင်းမျာ Shrewsbury Town အသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up