ဆီနီဂေါနိုင်ငံတွင် ဆန္ဒပြကျောင်းသာများကို ရဲက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်

ဆီနီဂေါနိုင်ငံ မြို့တော် ဒါကာမှာ ဇန်န၀ါရီလ ၂၅ ရက်နေ့က ဆန္ဒပြကျောင်းသားတွေကို ရဲတွေက ပိတ်ဆို့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကျောင်းသားတွေကလည်း ရဲတွေကို ကျောက်ခဲတွေ၊ မျက်ရည်ယို ဓာတ်ငွေ့ဘူးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ကျောင်းသားတွေက ရွေးကောက်ပွဲ ဥပဒေသစ်နဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင်တချို့ ၀င်ရောက်ယှဉ်ပြိုင်တာကို တားမြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြတာဖြစ်ပါတယ်။ ဆန္ဒပြ ကျောင်းသားတချို့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတဟာ  လိမ်လည်လှည့်ဖြားခဲ့ပြီး ရွေးကောက်ပွဲမှာ အတိုက်အခံတွေ ပြောဆိုခွင့်မရအောင် တရားရေးအဖွဲ့ကလည်း  သမ္မတအမိန့်ကို နာခံနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ကောင်စီဟာ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ၀င်ရောက်ခွင့်တားမြစ်ခဲ့ပါတယ်။ အဆိုပါ အတိုက်အခံခေါင်းဆောင် နှစ်ဦးကို အကျင့်ပျက်ခြစားမှု ပုဒ်မတွေနဲ့ ၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။ ဆီနီဂေါနိုင်ငံ ဥပဒေအရ ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ရွေးကောက်ပွဲ ၀င်ရောက်ခွင့် လက်လွှတ်ဆုံးရှုံးရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up