နောက်ခံလူ ၂ ဦး ဒဏ်ရာရရှိမှု အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်လာ
DVB
·
January 26, 2019
အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တာအပြင် အဆိုးရွားဆုံး ဆုံးရှုံးမှုနှစ်ခုနဲ ကြုံတွေ့ခဲ့ရပါတယ်။
နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဆိုကရေးတစ်နဲ့ ကိုစီရယ်နီတို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကစားသမားအင်အား မလုံလောက်တဲ့ အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်လာပါတယ်။
နည်းပြ အန်မရီရဲ့ ပြောကြားချက်အရ ကိုစီရယ်နီ မေးရိုးကျိုးသွားခဲ့တာကြောင့် ပွဲအပြီးမှာ ဆေးရုံ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ကိုစီရယ်နီနဲ့ ဆိုကရေးတစ်တို့ ဒဏ်ရာအတွက် အပြင်းအထန် စိတ်မပူရပေမယ့် ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ကျရှုံးရခြင်းရဲ့အဓိက ပြဿနာတခုဖြစ်တယ်လို့ ဆိုပါ တယ်။
၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာ ပြန်လည်အနိုင်ရဖို့ အခွင့်ရေးကောင်းတွေ ရခဲ့ပေမယ့် အဓိကကစားသမားတွေရဲ့ ဒဏ်ရာက အသင်းကို ရှုံးနိမ့်စေခဲ့တယ်လို့ အန်မေရီက ပြောပါတယ်။
တဖက်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ ဆိုးလ်ရှားဟာ ၈ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီးတော့ နေရာပျောက်ဆုံးခဲ့တဲ့ ဆန်းချက်ဇ်ဟာလည်း ခြေစွမ်းပြန်လည်ပြသနိုင်ခဲ့ပါတယ်။
ဆန်းချက်ဇ်ကတော့ နည်းပြဆိုးလ်ရှားကို ကျေးဇူးတင်စကားဆိုထားပြီး သက်သေပြ နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။