ဘရာဇီးတွင် ဆည်ကျိုးပေါက်မှုကြောင့် လူ ၂ဝဝ ခန့် ပျောက်ဆုံး

Residents are seen in an area next to a dam owned by Brazilian miner Vale SA that burst, in Brumadinho, Brazil January 25, 2019. REUTERS/Washington Alves
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မင်နက်စ်ဂျဲရက်စ်ပြည်နယ်ရှိ သတ္တုတွင်းတခုမှာ ဇန်န၀ါရီ ၂၅ ရက်နေ့က ဆည်တစ်ခု ကျိုးပေါက်ခဲ့ပြီး လူ ၂၀၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။ ချန်နယ်နယူးအေးရှ သတင်းမှာတော့ အလောင်း ၇ လောင်း ရှာတွေ့ထားတယ်လို့ ဘရူမာဂျီနို မြို့တော်ဝန်ကို ကိုးကားပြီး ဖော်ပြပါတယ်။ ဆည်ကျိုးမှုကနေ လျှံထွက်လာတဲ့ရေတွေကြောင့်  အဲဒီဒေသမှာ လူပေါင်းများစွာ ပိတ်မိနေတယ်ဆိုပြီး ဘရာဇီး မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ သတ္တုတွင်းပိုင်ရှင် ဗာလီက အဆိုပါဆည်ရှိ ရုံးအဆောက်အဦတွေကို ရွှံ့နွံတွေ ဖုံးလွှမ်းနေပြီး လူ အသေအပျောက်ရှိနိုင်တယ်လို့ ပြောပါတယ်။ ဘရူမာဂျီနို မြို့အနီးက ဗီလာဖိုတက်ကို ဒေသနေရာအနှံ့အပြားမှာ ရွှံ့နွံတွေ ဖုံးလွှမ်းနေပြီး အဲဒီမှာနေထိုင်တဲ့ အိမ်ထောင်စုတွေကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘရာဇီးမီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေပါတယ်။ အဲဒီဒေသဟာ  ၂၀၁၅ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆည်ကျိုးမှုကနေ ပြန်လည် နာလန်ထရုံ ရှိပါသေးတယ်။ အဆိုပါ ဆည်ကျိုးမှုကြောင့် ၁၉ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up