Home
မြန်မာသတင်း
ပင်လယ်ဘူး-ကောလင်းလမ်းတွင် တရားမဝင် ဆင်သယ်ဆောင်လာသူများအား ဖမ်းမိ
DVB
·
January 26, 2019
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး-ကောလင်းကားလမ်းမှာ တရားမဝင် ဆင်သယ်ဆောင်လာသူတွေကို  ဇန်နဝါရီ ၂၄ ရက်က  ဖမ်းဆီးရမိပါတယ်။ ပင်လယ်ဘူးမြို့နယ်သစ်တောဦးစီးဌာနနဲ့ မြို့နယ်ရဲတပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ဆင်တင်ဆောင်လာတဲ့ ၆ ဘီးကားအဖြူရောင်ကို ရပ်တန့် စစ်ဆေး ဖမ်းဆီး ရမိခဲ့တာပါ။ ပင်လယ်ဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက " စစ်ဆေးရာမှာ ဆင်ပိုင်ဆိုင်ကြောင်း တရားဝင်အထောက်ထား တစုံတရာမတွေ့ရသလို သယ်ဆောင်ရာမှာလည်း သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုမိန့်ဆိုတာလဲ မရှိဘူးပါဘူး။ ဒါ့ကြောင့် ဖမ်းဆီးရတာပါ”လို့ပြောပါတယ်။ တင်ဆောင်လာတဲ့ဆင်ဟာ မအေးအမည်ရှိ ဆင်မတကောင်ဖြစ်ပြီး အမြင့် ၇ ပေ ၈ လက်မ၊ အလျား ၁၁ ပေ ၆ လက်မ၊ ကိုယ်လုံး ၁၁ ပေခန့်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဆင်နဲ့ပတ်သက်ပြီး မူရင်းပိုင်ရှင်ကို စစ်ဆေးမေးမြန်းနေစဉ်မှာ ပိုင်ရှင်ဖြစ်တဲ့ မိုးညှင်းမြို့နယ်၊ နန်းပုတ်ကျေးရွာနေ ဦးဝင်းကိုဟာ အစိမ်းရောင်ပါဂျဲရိုးယာဉ်နဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ သက်သေခံဆင်မကိုတော့ ကောလင်းမြို့ရှိ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေးမှာ ထိန်းသိမ်းထားပါတယ်။ အခုလို ဆင်ကို တရားမဝင်တင်ဆောင်လာသူတွေဖြစ်တဲ့ ယာဉ်မောင်း မြင့်လွင်ဦး၊ ဆင်ဦးစီးဇော်ဝင်းထွန်း၊ ထွက်ပြေးလွတ်မြောက်နေသူ ဆင်ပိုင်ရှင် ဝင်းကိုတို့ကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က) အရ ပင်လယ်ဘူးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။ ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024