Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများဒီဗွီဘီ
DVB
·
January 25, 2019
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၇၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၇၀၀၀၀ ကနေ ၇၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၅၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) တအိတ်ကို ၇၃၅၀၀ ပေါက်ဈေး ရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို  ၈၁၅၀၀ ကနေ ၈၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကြက်သွန်နီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၂၀၀ ကနေ ၁၁၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၁၀၀ ကနေ ၅၅၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင် ၅၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက် မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိသာဝင်တအိတ်ကို ၁၅၅၀၀၀ ပေါက်ဈေး ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းနက်တအိတ်ကို ၁၉၅၀၀၀ ကနေ ၂၂၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၇၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ နှမ်းညို မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိသာဝင်တအိတ်ကို ၁၅၅၀၀၀ ကနေ ၁၅၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၃၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ စားအုန်းဆီ မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၆၇၀ ကနေ ၁၆၈၅ အထိ ပေါက်ဈေးရှိပြီး ၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၇၂၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၃၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။ ကြက်သွန်နီက အသစ်တွေ ဆက်တိုက်ကို ဝင်ရောက်လာတဲ့အတွက် ဈေးကျဆင်းသွားခဲ့တာ ဖြစ်ပြီး အရောင်းအဝယ်ကတော့ အဝင်ရဲ့ တဝက်သာရှိတယ်လို့ သိရပါတယ်။ ကြက်သွန်နီက တပတ်အတွင်း တပိသာကို ၃၅၀ လောက် ဈေးကျဆင်းသွားပါတယ်။ စားအုန်းဆီကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ စားအုန်းဆီ အဝင်နည်းပြီး ငွေဈေးကလည်း မြင့်လာတဲ့အတွက် တပိသာကို ၆၀ ကျပ်လောက် ဈေးတက်လာခဲ့ပါတယ်။ ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024