လက်တင်အမေရိကတွင် အမျိုးသမီးများကို သတ်ဖြတ်ခြင်းသည် ကပ်ရောဂါလိုဖြစ်နေဟု ပုပ်ရဟန်းမင်း ပြော

ဓာတ်ပုံ - Reuters
1.1K
လက်တင်အမေရိကမှာ အမျိုးသမီးတွေကို သတ်ဖြတ်နေတာဟာ ကပ်ရောဂါတခုလို ဖြစ်လာနေပြီလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ပနားမားနိုင်ငံမှာ ပြုလုပ်တဲ့ ကက်သလစ်ကျောင်းတော်ရဲ့ ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်တာပါ။
အဲဒီ ကမ္ဘာ့လူငယ်နေ့ အခမ်းအနား ဖွင့်ပွဲမှာ သိန်းနဲ့ချီတဲ့လူငယ်တွေ ပါဝင်ကြပြီး ပုပ်ရဟန်းမင်းကြီးက လူငယ်တွေကို အပြောင်းအလဲလုပ်ရဲတဲ့ သတ္တိမွေးကြဖို့ မှာကြားခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှု ရှောင်ရှားဖို့နဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှု၊ မူးယစ်ရောင်းဝယ်မှုနဲ့ အမျိုးသမီးတွေ သတ်ဖြတ်မှုကို ဖြေရှင်းဖို့ လက်တင်အမေရိက ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ လက်တင်အမေရိက စီးပွားရေးကော်မရှင်ထံ ပေးပို့တဲ့ အစိုးရကိန်းဂဏန်းတွေအရ ၂၀၁၇ ခုနှစ်က လက်တင်အမေရိကနဲ့ ကာရေဘီယန်ဒေသမှာ အမျိုးသမီးဦးရေ ၂,၇၉၅ ထက်မနည်း သတ်ဖြတ်ခံရပါတယ်။