မိုနာကိုနည်းပြ အွန်နရီ ရာထူးမှ ထုတ်ပယ်ခံရ

အာဆင်နယ် ကစားသမားဟောင်း သီဟာရီ အွန်နရီဟာ လီဂူးဝမ်းကလပ် မိုနာကိုအသင်းကို နည်းပြတာဝန်ယူပြီး ၁၀၄ ရက်အကြာမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ အွန်နရီဟာ သူကိုင်တွယ်ခဲ့တဲ့ ပွဲ ၂၀ မှာ ၄ ပွဲသာ အနိုင်ရရှိခဲ့တဲ့အတွက် ထုတ်ပယ်ခံခဲ့ရပြီး လီယိုနာဒို ဂျာဒင်းမ်နဲ့ အစားထိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အွန်နရီဟာ လိဂ်ပွဲစဉ်အဖြစ် စထရာစ်ဘော့ဂ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို လိဂ်တူးကလပ်ဖြစ်တဲ့ မတ်ဇ်အသင်းကိုလည်း ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ အွန်နရီကတော့ ထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ သူ့ရဲ့အနာဂတ်ဟာ ပြဿနာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး သူ့အနေနဲ့ အသင်းယိုင်နဲ့နေတဲ့ အချိန်မှာ ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အွန်နရီဟာ ကစားသမားဘဝက မိုနာကိုအသင်းမှာ ၁၀၅ ပွဲထိ ကစားခဲ့ဖူးပြီး အာဆင်နယ်အသင်းကို ၂၀၀၀ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up