Live
Home
မြန်မာသတင်း
မိတ္ထီလာတွင် အိမ်ဆောက်ရန် ကျင်းတူးရာက စစ်ကျန်ကျည်ဆန်များ တွေ့ရှိ
DVB
·
January 25, 2019
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နယ်မြေ(၈) ဝန်ဇင်းရပ်ကွက် သင်္ဂဟလမ်းမှာ ဇန်နဝါရီ ၂၄ ရက် ညနေက အိမ်ဆောက်ဖို့ ကျင်းတူးရာက ဒုတိယကမ္ဘာစစ်က ကျန်ရှိခဲ့တဲ့ ကျည်ဆန် ၁၁၇ တောင့်နဲ့ ကျည်ခွံ ၇ ခုတွေ့တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ပြောပါတယ်။ “အိမ်ဆောက်ဖို့ လိုင်းကျင်းတူရာက တွေ့တာပါ။ အနက် ၃ ပေ၊ အနံ ၂ ပေ နဲ့ အရှည် ၂၄ ပေ ရှိတဲ့ လိုင်းကျင်းထဲက တွေ့တယ်။ ရိုင်ဖယ်ကျည်ဆန်တွေလို့ ယူဆတယ်” လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်း ဒုရဲအုပ်သိပ္ပံက ပြောပါတယ်။ အဲဒီကျည်ဆန် ၁၁၇ တောင့်နဲ့ ကျည်ခွံ ၇ ခုကို အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ သတင်း-မောင်မောင်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024