Home
မြန်မာသတင်း
ယနေ့နံနက်ပိုင်း မြို့ ၂ မြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
January 25, 2019
ဒီနေ့မနက်ပိုင်းက ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့တို့မှာ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့၊ မနက် ၉ နာရီခွဲလောက်က ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၆၈ မိုင်လောက် ကွာဝေးတဲ့ ဂန့်ဂေါမြို့ရဲ့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၁ ဒီဂရီ၊ အနက် ၁၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက်အစောပိုင်း ၄ နာရီကျော်လောက်ကလည်းကလည်း စစ်တိုင်းတိုင်းဒေသကြီး ကလေးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၈ ဒီဂရီ၊ အနက်ကီလိုမီတာ ၄၀ ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024