နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁ သန်းကျော်သွားခဲ့သည့် Alita: Battle Angel ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
Published By
DVB | 25 January, 2019
1.4K
0
Share
0
Comment
0
Likes
VIDEO
မကြာခင် ရုံတင်ပြသတော့မယ့် Alita:Battle Angel ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ Swan Song သီချင်းဟာ ထွက်ရှိလာအပြီး နာရီပိုင်းအတွင်း ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့ပါတယ်။
ဒီသီချင်းကိုတော့ နာမည်ကြီး ဗြိတိန်အဆိုတော် Dua Lipa က သီဆိုထားခဲ့တာဖြစ်ပြီး Warner Bros. Records ကနေတဆင့် ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။
ရိုဘော့စက်ရုပ်တွေ၊ စွန့်စားတိုက်ခိုက်မှုတွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ဇာတ်ဝင်တေးထဲမှာတော့ ဇာတ်ဝင်ခန်း ပုံရိပ်တွေနဲ့အတူ Dua Lipa ရဲ့ သီဆိုသရုပ်ဆောင်မှုတွေကိုလည်း ထူးခြားဆန်းပြားတဲ့ ရိုက်ချက်တွေနဲ့ ရှုစားကြရမှာပါ။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Dua Lipa ကို ကာဗာသီချင်းတွေ သီဆိုတဲ့ ကောင်မလေးတယောက် အနေနဲ့ ပရိသတ်တွေ သတိထားမိရာက ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်ကတည်းက သူ့ရဲ့ ဂီတလမ်းကြောင်း စတင်ခဲ့တာလို့ ဆိုရမှာပါ။
လက်ရှိမှာတော့ သူဟာ Bambi Awards, BBC Teen Awards, Brit Awards, Glamour Awards, MTV Europe Music Awards စတဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၆ ဆု ရရှိထားခဲ့ပြီး Brit Awards ဆန်ကာတင်စာရင်းမှာ တနှစ်အတွင်း ဆု ၅ ဆု စာရင်းဝင်ထားခဲ့သူ ပထမဆုံး အမျိုးသမီးတေးသံရှင်တဦး အဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။
ခုထွက်ရှိလာတဲ့ Dua Lipa သီဆိုထားတဲ့ ဇာတ်ဝင်သီချင်းပါဝင်တဲ့ Alita:Battle Angel ရုပ်ရှင်ကားကိုတော့ လာမယ့် ဖေဖော်ဝါရီလထဲ ရုံတင်ပြသသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။