Home
မြန်မာသတင်း
နိုင်ငံအကျိုးအတွက် အခွန်မှန်မှန်ကန်ကန် ပေးဆောင်ကြရန် သမ္မတ တိုက်တွန်း
Aung Ko Latt
·
January 24, 2019
အခွန်ထမ်းလုပ်ငန်းရှင်တွေနဲ့ အခွန်ထမ်းပြည်သူတွေအနေနဲ့ ပေးဆောင်ရမယ့် အခွန်ငွေတွေကို မှန်မှန်ကန်ကန်ပေးဆောင်ကြဖို့ နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြား လိုက်ပါတယ်။ ၂၀၁၇-၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူး ကုန်စည်ခွန်တွေမှာ အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင်တွေကို ဇန်န၀ါရီ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတကနေ  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာမှာ ပြောကြားခဲ့တာပါ။ “အခွန်ထမ်းလုပ်ငန်းရှင်များနဲ့ အခွန်ထမ်းပြည်သူများအနေနဲ့ ပေးဆောင်သင့် ပေးဆောင်ထိုက်တဲ့ အခွန်ငွေများကိုလည်း မှန်မှန်ကန်ကန်ပေးဆောင်ပြီး နိုင်ငံတော်အကျိုး မိမိအကျိုး အချိုးကျမျှတစွာ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ”လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်တဲ့ အခမ်းအနားကို သမ္မတအိမ်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာကုမ္ပဏီလုပ်ငန်းရှင်တွေထဲက ၀င်ငွေခွန်အများဆုံး ပေးဆောင်သူ ၁၀ ဦး၊ ကုန်သွယ်လုပ်ငန်းခွန်အများဆုံးပေးဆောင်သူ ၁၀ ဦး၊ အထူးကုန်စည်ခွန် အများဆုံး ပေးဆောင် သူ ၁၀ ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲက ၀င်ငွေခွန်အများဆုံး ထမ်းဆောင်သူ၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူနဲ့ အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်သူ ၁၅ ဦးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024