စွန့်ပစ်ပလတ်စတစ် ၄၂ တန် အသုံးပြုပြီး အနုပညာလက်ရာများ ဖန်တီး

အများပြည်သူနေရာတွေမှာ အနုပညာလက်ရာတွေ ဖန်တီးတဲ့ ပေါ်တူကီ အနုပညာရှင်  အာလ်တိုဘိုဒါလိုရဲ့ စွန့်ပစ်ပစ္စည်းတဖြစ်လဲ အနုပညာလက်ရာနှစ်ခုကို အခုအခါ ပါရီမြို့ လမ်းတွေမှာ မြင်တွေ့ရပါတယ်။ စွန့်ပစ် ကားဘန်ဘာတွေ၊ ပုံးခွံတွေနဲ့ စွန့်ပစ် ပလတ်စတစ် အမာစားတွေကို ဘိုဒါလိုက မျိုးသုဉ်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန်ရုပ်တွေအဖြစ် ဖန်တီးခဲ့တာပါ။ သူ့ရဲ့လက်ရာနှစ်ခုကတော့ လီမာမျောက်နဲ့ ဇီးကွက်တို့ပဲ ဖြစ်ပါတယ်။ ဘိုနာလိုဟာ စွန့်ပစ် ပလတ်စတစ် ၄၂ တန်ကို အသုံးပြုပြီး တိုက်ကြီး ၄ တိုက်က နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ အနုပညာလက်ရာ အခု ၁၃၀ ကို ဖန်တီးခဲ့ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေပြီး တိရစ္ဆာန်တွေကို မျိုးသုဉ်းစေတဲ့ ပလတ်စတစ်နဲ့ အဲဒီ တိရစ္ဆာန်ရုပ်တွေကို ဖန်တီးတာဟာ ထုတ်ကုန်ပစ္စည်းတွေရဲ့ သဘာဝပတ်ဝန်းကျော်အပေါ် သက်ရောက်မှုကို လူတွေ သတိပြုလာစေဖို့ ဖြစ်တယ်လို့ အနုပညာဖန်တီးရှင် ဘိုဒါလိုက ပြောခဲ့ပါတယ်။ သူ့ရဲ့ “ပါရီသဘောတူညီချက်” အနုပညာလက်ရာ ပြခန်းကို ဇန်နဝါရီ ၂၆ ရက်နေ့ ဖွင့်လှစ်မှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up