တိုက်စစ်မှူး ဟီဂူအင်ကို ချဲလ်ဆီး အငှားစာချုပ်ဖြင့် ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဟီဂူအင်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်ကနေ အေစီမီလန်အသင်းကို အငှားကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်ဟာ ချဲလ်ဆီးအသင်းကို ထပ်ပြီး ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ သမိုင်းအစဉ်အလာရှိတဲ့အသင်း ဖြစ်သလို သူ အမြဲတမ်းကစားချင်တဲ့အသင်း ဖြစ်တယ်လို့ ဟီဂူအင်က ဆိုပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ ပွဲထွက်ဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပြီး ပရီးမီးယားလိဂ်နဲ့ အမြန်ဆုံး အံဝင်ဖို့ မျှော်လင့်တယ်လို့လည်း ဟီဂူအင်က စာချုပ် ချုပ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ ဆာရီကတော့ လက်ရှိအချိန်မှာ ဟီဂူအင်က ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရပေမယ့် သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့ မြှင့်တင်သွားမယ်လို့ ပြောကြားသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟီဂူအင်ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာကြောင့် တခြားတိုက်စစ်မှူး မိုရာတာကို အက်သလက်တီကိုမက်ဒရစ် အသင်းဆီ အငှားပြန်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up