Home
မြန်မာသတင်း
အာမခံ​ငွေ ကျပ်သိန်း ၁၀၀၀၀ ပိုင်​ဆိုင်​မှုပြနိုင်​မှ ဒေါ်နန္ဒမာလာကို ပြန်​လွှတ်​​ပေးမည်
DVB
·
January 24, 2019
ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ဇန်နဝါရီ ၂၄ ရက်နေ့​​ မနက်​က ရုံးထုတ်ခဲ့ပြီး အာမခံ​လျှောက်​ထားမှုမှာ ကျပ်သိန်း ၅၀၀၀ နှစ်​ဦးကို သိန်းတစ်​​သောင်းနဲ့ အာမခံ​ပေးလိုက်​ပါတယ်​​။ ဒီ​နေ့ ရုံးချိန်​မှာ​တော့ အာမခံ​ပေးထားသူ တဦးပဲရှိတဲ့အတွက်​ ချုပ်​ရက်​ယူလိုက်​ပြီး လာမယ့် ၃၁ ရက်​​နေ့ ရုံးချိန်းမှာ အာမခံ​ငွေပမာဏ သိန်းတသောင်းပိုင်​ဆိုင်​မှုပြနိုင်​မှ ပြန်​လွှတ်​​ပေးမှာ ဖြစ်တယ်​လို့ တရားလို​ရှေ့​နေဖြစ်တဲ့ တရားလွှတ်​​တော်​​ရှေ့​နေ ​ဒေါ်စိုးစိုးနွဲ့က​ ပြောပါတယ်​။ ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်၊ လှိုင်မြို့နယ်နဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာ တရားစွဲဆိုထားတာပါ။ ဒေါ်နန္ဒမာလာဟာ သူ့ဆီလာပြီး အကြားအမြင်မေးသူတွေထံကနေ ကျပ်သိန်းပေါင်း တသိန်းကျော် လိမ်လည်ထားတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဒေါ်နန္ဒမာလာအကြောင်းကို ကြည်ညိုဖွယ်ရာ သာသနာပြုပုဂ္ဂိုလ်ဆိုပြီး လူသိများတဲ့ ရုပ်သံဌာနတခုက ရိုက်ကူးတင်ဆက်ခံရသူလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024