အောင်လံတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၇ လုံးနှင့်ဆိုင်ကယ် ၁ စီး ဆုံးရှုံး
DVB
·
January 24, 2019
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာနေ ဦးဆယ်ကြီးရဲ့ နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သက်ကယ်မိုး/ထရံကာ/ပျဉ်ခင်း နေအိမ် ၇ လုံး၊ ဆိုင်ကယ် ၁ စီးတို့ မီးလောင် ဆုံးရှုံးခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဦးဆယ်ကြီး (ဖမ်းမိ) အား ဒုရင်္ဂဗိုလ် နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။